Huawei P11 က iPhone X ရှေ့ ကင်မရာ ဒီဇိုင်းမျိုး နဲ့ ထွက်လာမလား - iT Guider
Mobile

Huawei P11 က iPhone X ရှေ့ ကင်မရာ ဒီဇိုင်းမျိုး နဲ့ ထွက်လာမလား

Written by iT Guider

၆.၀၁ လက်မ screen နဲ့ ထွက်လာမယ်လို့ XDA Developers ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ စမတ်ဖုန်းဒီဇိုင်းတွေရဲ့ အရွေ့ မှာ iPhone ဟာ ခေါင်းတွဲတစ်ခုလို ဖြစ်နေပါတယ်။ iPhone ကို စိန်ခေါ်နေတဲ့ Huawei ဟာ နောက်မျိုးဆက် P11 flagship ဖုန်းအတွက် ရှေ့ ခြမ်းဒီဇိုင်းကို iPhone X ဆီက ယူသုံးတော့မယ်လို့ သတင်းထွက်နေပါတယ်။

အန်းဒရိုက်နဲ့ iPhone တွေဟာ စမတ်ဖုန်းဒီဇိုင်းအားဖြင့်ရော နည်းပညာအရ ပါ အပြန်အလှန်ကူးလူးမှုတွေ ရှိတာတော့ မှန်ပါတယ်။ ဥပမာ- Quick Charge အားသွင်းနည်းပညာ ၊ မျက်နှာပြင်ဖတ်လုံခြုံရေးစနစ် ၊ bezel-less design စတာတွေကို အန်းဒရိုက်မှာ အရင်မြင်ပြီးမှ Apple က ဆက်ခံတာပါ။ အလားတူပဲ iPhone X မှာ FaceID ၊ animoji စတဲ့ အသစ်တွေ ဖြည့်တော့လည်း အန်းဒရိုက်ဖုန်းတွေဖြစ်တဲ့ Oppo F5 ၊ OnePlus 5 နဲ Huawei တို့ က Face Unlock တို့ ကိုယ်ပိုင် Animoji သစ်တို့ ဆိုပြီး ကြေငြာပွဲထုတ်လာပါတယ်။

iPhone X ဆီက နောက်ဆုံးယူမယ့် အရာတစ်ခုကတော့ ရှေ့ display ဒီဇိုင်းပဲ ဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ ကြေငြာဖို့ ရှိတဲ့ Huawei P11 မှာ စသုံးသွားဖို့ ရှိပါတယ်။ တကယ်တော့ ရှေ့ ခြမ်းမှာ ကင်မရာအတွက်ပဲ နေရာချန်ပြီး မှန်ပြင်အပြည့် ထုတ်သွားတဲ့ ဖုန်းတွေရဲ့ အစဟာ အန်းဒရိုက်ကို စထွင်ခဲ့တဲ့ အန်ဒီရူဘင်ရဲ့ ပထမဆုံး ဖုန်း Essential PH-1 လို့ ပြောရမှာပါ။ ဒီတော့ သို့ သော်လည်း Essential PH-1 မှာက ကင်မရာနေရာလေးကွက်ပြီး space ချန်ထားပြီး အောက်မှာက ဘောင် bezel သေးသေးပါသေးပါတယ်။ iPhone X မှာက ရှေ့ ကင်မရာနေရာပိုယူပြီး အောက်ဘောင်ကို လုံးလုံးဖြုတ်ပစ်ပါတယ်။

Huawei p11 ဟာ ဒီအတိုင်းပဲ လာဖို့ ရှိပါတယ်။ ထောင့်လုံး ကိုယ်ထည်ဒီဇိုင်းကိုမှ မျက်နှာပြင် ၆.၀၁ လက်မ screen နဲ့ ထွက်လာမယ်လို့ XDA Developers ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ နောက်တစ်ခုက ရှေ့ ကင်မရာကလည်း 24MP ဆယ်လ်ဖီကင်မရာလို့ သတင်းထွက်နေတာ ဖြစ်လို့ MWC 2018 မှာ Huawei P11 ဟာ အခု သတင်းတွေအတိုင်း မိတ်ဆက်သွားမလား စောင့်ကြည့်ရမှာပါ။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.