မြန်မာငွေ ၃ သိန်းကျော်တန် Huawei Enjoy 7S တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်
Mobile Tech

မြန်မာငွေ ၃ သိန်းကျော်တန် Huawei Enjoy 7S တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်

ကျောဘက် ကင်မရာ ၂လုံး သုံးထားပါတယ်။ Mid-range ဖုန်းဈေးကွက်ထဲ နောက်ဆုံးဝင်လာတာကတော့ Huawei ထုတ် Dual Camera စနစ်သုံး Huawei Enjoy 7S ပဲ ဖြစ်ပါတယ်။ တန်ဖိုးသင့်စမတ်ဖုန်းဖြစ်ပေမယ့် Full View display ၊ Dual Rear Camera တွေကြောင့် ဒီဖုန်းဟာလည်း စိတ်ဝင်စားစရာ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

Huawei ထုတ် Sub-brand တွေထဲမှာ လူသိနည်းတဲ့ ဒီစမတ်ဖုန်းဟာ နောက်ဆုံးထွက် Android ဗားရှင်းတစ်ခါတည်းပါတဲ့ စမတ်ဖုန်း ဖြစ်ပြီး 18:9 aspect ratio ကိုယ်ထည်အချိုးအစားကြောင့် ဒီဇိုင်းစားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Screen size အနေနဲ့ ၅.၆၅ လက်မ Full View display ပါရှိပြီး ရုပ်ထွက်ကတော့ 2160 x 1080 pixels ပါရှိပါတယ်။ Enjoy 7S မှာ ထူးခြားတာက Android 8.0 Oreo ဆော့ဖ်ဝဲလ်တစ်ခါတည်း ထည်ထားပြီး UI ကလည်း Huawei ရဲ့ နောက်ဆုံးထွက် EMUI 8.0 သုံးထားတာပါ။ Processor ကလည်း Huawei ထုတ် အလတ်တန်းစား octa-core Kirin 659 processor ဖြစ်ပါတယ်။

ဆင်းမ်ကတ်နှစ်ကဒ်သုံး Huawei Enjoy 7S ဟာ RAM/storage ဗားရှင်း ၂ မျိုးနဲ့ ထွက်လာတဲ့ ဖုန်းဖြစ်ပြီး ကျောဘက်မှာ 13MP နဲ့ 2MP ကင်မရာနှစ်လုံးသုံးထားတာပါ။ fingerprint ကိုလည်း ကျောဘက်မှာပဲ ထားထားတာ ဖြစ်ပြီး ဆယ်လ်ဖီကတော့ 8MP ကင်မရာ ဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက ဒီဖုန်းမှာ သုံးထားတဲ့ 3000 mAh ဘက်ထရီဟာ အားသွင်းရ မြန်ဆန်တဲ့ Super Charge နည်းပညာပါရှိတာပါပဲ။

Huawei Enjoy 7S ဟာ အနက် ၊ အပြာ ၊ ရွှေနဲ့ ပန်းနုရောင် ကာလာ ၄ မျိုးနဲ့ ထွက်လာတာပါ။ ဈေးနှုန်းအနေနဲ့ အနိမ့်မော်ဒယ် RAM 3GB/32GB storage ကို ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ) နဲ့ RAM 4GB/64GB storage ကို ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၄ သောင်းကျော်) ဈေးနဲ့  ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာစတင်ရောင်းချသွားမယ်လို့ လည်း သိရပါတယ်။

Ref : GSMARENA

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.