ရောင်းရလွန်းလို့ တရုတ်ပြည်မှာ Honor Magic 2 ပစ္စည်းပြတ် - iT Guider
Mobile

ရောင်းရလွန်းလို့ တရုတ်ပြည်မှာ Honor Magic 2 ပစ္စည်းပြတ်

Honor Magic 2
Written by iT Guider

                ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတိုင်းလိုလိုမှာ Screen Ratio များများရဖို့ အတွက် Notch လို့ခေါ်တဲ့ ဂျိုလ်လေးတွေ ပေါက်လာရပါတယ်။ Notch Culture ဘက်မလိုက်တဲ့ Samsung တောင်မှပဲ Notch ပါတဲ့ ဖုန်းတွေထုတ်တော့မယ်လို့ သတင်းထွက်နေပါပြီ။

                Notch ထည့်လေ့မရှိတဲ့ Meizu တောင်မှ Meizu X8 မှာ Notch ထည့်လာရပါပြီ။ ပုံမှန်တွေ့နေကျ ဘားတန်းပုံစံ Notch, ရေစက်ပုံစံ Waterdrop Notch, ရုပ်ဆိုးဆိုးနဲ့ Pixel 3 XL ရဲ့ Notch အစရှိသဖြင့် Notch အမျိုးစုံတွေ့လာရပါတယ်။ မချစ်သော်လည်း အောင့်ကာနမ်းရသလိုပဲ Notch ဆိုတဲ့ အရာကြီးကို မကြိုက်ကြပေမယ့်လည်း Screen Ratio များလာအောင် Notification Icon တွေအတွက် နေရာပိုရလာအောင် Notch ဆိုတဲ့အရာက ပါလာရပါတယ်။

Honor Magic 2

Honor Magic 2

                ဘယ်သူမှတော့ Notch ဆိုတဲ့ အရာကို မကြိုက်ကြပါဘူး။ အဲ့တာကြောင့်လည်း Notch ကိုရှောင်ရှားပြီး Screen Ratio များပြားစေဖို့ ဖုန်းကုမ္ပဏီတိုင်းက နည်းလမ်းရှာနေကြပါတယ်။ Vivo Nex က စပြီး Pop Up Selfie ကင်မရာဆိုတဲ့ ဖြေရှင်းချက်နဲ့ အတူ Notch မပါပဲ Screen Ratio များတဲ့ ဖုန်းတွေထုတ်လာခဲ့တယ်။ Oppo ကလည်း Find X ဆိုတဲ့ မော်တာ အသုံးပြု Slider ပါဝင်တဲ့ Screen အပြည့်နီးပါး ဖုန်းတစ်လုံးကို ထုတ်လိုက်ပါသေးတယ်။

                Xiaomi ကလည်း မကြာသေးခင်ကမှ လက်နဲ့တွန်းဖွင့်ရတဲ့ Slider ပါဝင်တဲ့ Mi Mix 3 ကိုထုတ်လိုက်ပါပြီ။ အခုဆိုရင်လည်း Honor ရဲ့ Notch မပါဝင်တဲ့ Screen အပြည့်နီးပါးဖုန်းဖြစ်တဲ့ Honor Magic 2 ဟာဆိုရင် အဝယ်အရမ်းများလို့ တရုတ်ပြည်ရဲ့ ဖုန်းဆိုင်တော်တော်များများမှာ ပစ္စည်းပြတ်သွားပါတယ်တဲ့။

                Honor ဟာ Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တယ်ဆိုတာ လူအများသိကြပြီးသားဖြစ်ပါတယ်။ မတူညီတဲ့ ဒီဇိုင်းပုံစံနဲ့အတူ Huawei ဖုန်းတွေရဲ့ အသွင်ကွဲ ဖုန်းတွေဖြစ်ကြပါတယ်။ Honor Magic 2 မှာ Notch မပါဝင်ပဲ Screen Ratio များစေဖို့ ဟိုးအရင်က ထွက်ရှိခဲ့တဲ့ နည်းပညာဟောင်းတစ်ခုကိုပဲ အသုံးပြုထားရပါတယ်။ အဲ့တာကတော့ Manual Slider ပါ။

Photo from : Google

Photo from : Google

                ဘယ်လိုပဲဖြစ်ဖြစ် Notch မပါပဲ Full Screen ရရှိတဲ့အတွက် အခုလို ပစ္စည်းပြတ်သွားတဲ့ အထိ ရောင်းအားကောင်းခဲ့တာပါ။ Honor Magic 2 ကို အောက်တိုဘာ ၃၁ မှာ စတင် မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ရောင်းခဲ့တာပါ။ Honor Magic 2 မှာ Huawei ရဲ့ လက်ရှိ စွမ်းဆောင်ရည် အမြင့်ဆုံး ပရိုဆက်ဆာဖြစ်တဲ့ Kirin 980 ကိုအသုံးပြုထားပါတယ်။ အဆိုပါ Kirin 980 ပရိုဆက်ဆာဟာ 7nm process ကိုအသုံးပြုထားပြီး AI အထောက်အပံ့ အစိတ်အပိုင်းတွေပါဝင်တဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Android ဖုန်း ပရိုဆက်ဆာတွေထဲက တစ်ခုဖြစ်နေပါတယ်။

                (Apple ရဲ့ A12X ကိုတော့ မမှီသေးပါဘူး) 6.39-inch Full HD+ AMOLED Display နဲ့အတူ ကြည်လင်ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ဖို့ 24MP + 16MP + 16MP ပမာဏရှိတဲ့ ကင်မရာသုံးလုံးကိုတပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 16MP ရှိပြီး 3D Face Unlock စနစ်ကိုအထောက်အပံ့ပေးဖို့အတွက် 2MP ရှိတဲ့ Infrared Lens တွေပါဝင်ပါသေးတယ်။ ဘက်ထရီပမာဏ 3,500mAh ပါဝင်ပြီး အားအမြန်သွင်းစနစ်လည်းပါဝင်ပါသေးတယ်။ ဈေးနှုန်းကတော့ $544 ဖြစ်ပြီး မြန်မာငွေ ရှစ်သိန်းခွဲ ဝန်းကျင်ရှိပါတယ်။

From : Giz China
Originally published at : http://mytechmyanmar.com/honor-magic-2-was-sold-out-completely-in-all-major-stores-in-china/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.