မြန်မာငွေ ၂ သိန်းခွဲကျော်ဈေးနဲ့ ထွက်လာတဲ့ ဘေးဘောင်ပါးပရီမီယံဖုန်း Honor 7X
Mobile

မြန်မာငွေ ၂ သိန်းခွဲကျော်ဈေးနဲ့ ထွက်လာတဲ့ ဘေးဘောင်ပါးပရီမီယံဖုန်း Honor 7X

Written by iT Guider

ကျောဘက် ကင်မရာ နှစ်လုံး သုံးထားတာပါ။ Huawei ရဲ့ brand ခွဲတစ်ခုဖြစ်ပြီး mid-range ဖုန်းဈေးကွက်မှာ လူကြိုက်များတဲ့ Honor ဟာ ဒီတစ်ခါမှာလည်း ဒေါ်လာ ၂၀၀ တန် Honor 7X ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အစောပိုင်းကတော့ Honor စီးရီး စမတ်ဖုန်းတွေကို တရုတ်နဲ့ အိန္ဒိယဈေးကွက်တွေမှာပဲ သီးသန့် ရောင်းချခဲ့တာ ဖြစ်ပေမယ့် အခုတော့ အမေရိကန်လို နိုင်ငံတကာ ဈေးကွက်ထဲပါ ဖြန့် ချိတော့မှာပါ။ ဈေးနှုန်းကတော့ အမေရိကန်နဲ့ ဥရောပ ဈေးကွက်သစ်တွေမှာတော့ ၂၉၉ ပေါင်အထိ ဈေးမြောက်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၉၉ လက်မ full View display ကိုမှ ဒီဇိုင်းအချိုးအစားအားဖြင့် 18:9 aspect ratio ကို သုံးထားတာ ဖြစ်လို့ ဘက်ဂျက်ဖုန်းတစ်လုံးမှာ အခုလို ပရီမီယံဒီဇိုင်းသုံးတာဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အရင် Honor 6X နဲ့ တော့ အပြတ်ကွာသွားတဲ့ နောက်တစ်ချက်က display resolution ကလည်း 1080p ရုပ်ထွက်ပါရှိလာသလို ကင်မရာစနစ်ဖွဲ့ စည်းပုံကလည်း Apple ရဲ့ နာမည်ကြီး iPhone တွေလို Portrait Mode ဓါတ်ပုံနည်းပညာသုံးနိုင်တာက ထူးခြားနေပါတယ်။ storage အနေနဲ့ အနိမ့်ဆုံး 32GB ကနေ အမြင့်စား 64GB ဗားရှင်းဆိုပြီး နှစ်မျိုးပါရှိပါတယ်။ processor ကတော့ အရင်ကြားထားတဲ့ သတင်းအတိုင်း Kirin 659 chipset ဖြစ်ပြီး RAM 3GB သုံးထားပါတယ်။ ဘက်ထရီကတော့ 3340mAh ဘက်ထရီ ဖြစ်ပြီး ဘက်ဂျက်ဖုန်းတစ်လုံးအတွက် အလိုက်ဖက်ဆုံး ဘက်ထရီ ဖြစ်မှာပါ။

Dual SIM သုံးနိုင်တဲ့ Honor 7X ဟာ ကင်မရာမှာလည်း ကျောဘက် နှစ်လုံးတွဲ dual camera သုံးထားတာပါ။ မြန်မာငွေ ၃ ကျပ်တန်အောက် dual camera ပါ ရှားရှားပါးပါး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ နာမည်ကြီး portrait mode မျိုး Bokeh effect လိုမျိုး ရိုက်ချက်တွေအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်မယ့် 16MP + 2MP ကင်မရာနှစ်လုံးတွဲ သုံးထားတာပါ။ ဆယ်လ်ဖီကင်မရာပိုင်းမှာတော့ full HD 1080p ဗွီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာ ဖြစ်ပြီး ကင်မရာတိုင်းမှာ သုံးထားတဲ့ အပါချာတွေကတော့ အလင်းအမှောင် ဟန်ချက်ညီ ချိန်ပေးဖို့ အကောင်းဆုံး ထုတ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိသုံးထားတဲ့ Android ဗားရှင်းက Android 7.0 Nougat ဖြစ်ပေမယ့် မကြာခင်မှာ Android 8.0 Oreo ကို အဆင့်မြှင့်တင်သွားမှာ ဖြစ်လို့ နောက်ဆုံးထွက် OS စနစ်ကို တစ်ခြား flagship ဖုန်းတွေလိုပဲ သုံးနိုင်တော့မှာပါ။ အနက် ၊ အပြာနဲ့ ရွေ ၃ ရောင်နဲ့ လာတဲ့ Honor 7X ကို အိန္ဒိယဈေးကွက်မှာ အနိမ့် ဗားရှင်းအတွက် ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၆ သောင်းခန့်) နဲ့ အမြင့်ဗားရှင်းကိုတော့ ၁၅၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) ခန့် ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.