၎ လအတွင်း အလုံးရေ ၅ဝဝဝဝ ပဲ ရောင်းချနိုင်ခဲ့တဲ့ နာမည်ကြီး Essential Phone
Mobile

၎ လအတွင်း အလုံးရေ ၅ဝဝဝဝ ပဲ ရောင်းချနိုင်ခဲ့တဲ့ နာမည်ကြီး Essential Phone

Written by iT Guider

လက်ရှိပေါက်ဈေးကတော့ ဒေါ်လာ ၅၀၀ ပါ။ ဒီနှစ်အတွက် ဘေးဘောင်ပါးဖုန်းတွေထဲမှာ ဒီဇိုင်းအဆန်းပြားဆုံးဖုန်းဖြစ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ထဲကို ပထမဆုံး ထိုးဖောက်ဝင်လာတဲ့ Essential Phone အမှတ်တံဆိပ် စမတ်ဖုန်းသစ်တွေဟာ ဈေးကွက်မှာတော့ ထင်သလောက် မပေါက်သေးပါဘူး။

Essential Phone ဟာ ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်းခွဲကျော်) ဈေးနဲ့ စပြီး ဈေးကွက်ဝင်ခဲ့ပေမယ့် အခုခါမှာတော့ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၆ သိန်းခွဲကျော်) ပဲ ဈေးရှိပေမယ့် ဈေးကွက်ရဲ့ ဝယ်လိုအား တက်လာပုံမရပါဘူး။ Essential Phone တွေရဲ့ တရားဝင် ရောင်းအား ကြေငြာချက် ထွက်လာခြင်း မရှိသေးဘူး ဆိုပေမယ့် Play Store ကနေ Essential Camera အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲတဲ့ ပမာဏအရ ၅၀၀၀၀ ပဲ ရှိသေးတာ ဖြစ်လို့ အကြမ်းဖျဉ်းပြောမယ်ဆိုရင် Essential Phone ဟာ အခုထိ အလုံးရေ ၅၀၀၀၀ ပဲ ရောင်းရသေးတယ်လို့ မှန်းဆနိုင်ပါတယ်။

လက်ရှိ စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ထိပ်ကြဲ brand တစ်ခု ဖြစ်တဲ့ iPhone အတွက် killer flagship စမတ်ဖုန်းဖြစ်ရမယ်ဆိုပြီး သြဂုတ်လထဲမှာ အန်ဒီရူဘင်ဟာ Essential PH-1 နာမည်နဲ့ အန်းဒရိုက်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ခဲ့တာပါ။ ဒေါ်လာ ၁.၂ ဘီလျံတန် stratup တစ်ခု ဖြစ်တဲ့ Essential ကို တည်ထောင်နိုင်ခဲ့တဲ့ အန်ဒီရူဘင်ဟာ ဒီနေ့ ကမ္ဘာ့လူသုံးအများဆုံး Android OS စနစ်တီထွင်ခဲ့သူ ၃ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာထဲမှာ Essential စမတ်ဖုန်းကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Essential Phone ရဲ့ ပထမဆုံး ပြဿနာက ဈေးကွက်ထဲကို ရောက်မယ်လို့ ကြေငြာထားတာထက် ၂ လကျော် နောက်ကျသွားတာပါ။ ဒီအတွင်း Essential ကုမ္ပဏီထဲ ထည့်ဝင်ထားတဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၁၀၀ ကို SoftBank ကုမ္ပဏီက ပြန်ထုတ်သွားတာကလည်း Essential ကို အကြပ်ရိုက်သွားစေပါတယ်။ နောက်ပိုင်းဈေးကွက်ထဲ ရောက်ချိန်မှာလည်း မတော်တဆဖုန်းပျက်သွားရင်တောင် service ဆိုင်တိုင်း ပြင်လို့ မရဘူးဆိုတဲ့ အချက်ကလည်း ဈေးကွက်မှာ လူကြိုက်နည်းစေတဲ့ အကြောင်း ဖြစ်နိုင်ခြေရှိပါတယ်။

စမတ်ဖုန်းဈေးကွက်မှာ တစ်ခါမှ မတွေ့ ရဖူးသေးတဲ့ ဆန်းသစ်တဲ့ ဒီဇိုင်း ၊ အရည်အသွေးမြင့် နောက်ဆုံးပေါ် Processor ရဲ့ စွမ်းဆောင်ရည် ၊ ကြွေကိုယ်ထည်ကိုမှ ဘေးနှစ်ဘက်အခုံး screen ဆိုဒ် ၅.၇ လက်မအပြင် အကောင်းစား ဂရပ်ဖစ်ကဒ်တွေသုံးထားတဲ့ Essential ဖုန်းဟာ ကင်မရာကြောင့်လည်း အတော်လေးဟော့သွားခဲ့ပါတယ်။ ကျောဘက် Dual camera နဲ့ အတူ 360 Degree Camera တစ်ခါတည်းဆင်နိုင်အောင် ထုတ်ထားတဲ့ ဒီဖုန်းဟာ ၂၀၁၇ ပွဲဦးထွက်မှာ မျက်နှာပန်းမလှခဲ့ပေမယ့် နောက်နှစ်မှာတော့ စိတ်လှုပ်ရှားစရာတွေ ပေးနိုင်ဖို့ ရှိပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.