တိုက်ခိုက်မှု မခံရကြောင်း APPLE နဲ့ AMAZON ငြင်း | iT Guider

ဆာဗာထဲမှာ သူလျှိုချပ်စ်တွေ ထည့်သွင်းခဲ့တယ်လို့ဖော်ပြခဲ့တာပါ။

                အမေရိကန်ရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီကြီးနှစ်ခု ဖြစ်တဲ့ Apple နဲ့Amazon တို့ရဲ့ အချက်အလက်များကို တရုတ်ဘက်မှ ဆိုက်ဘာတိုက်ခိုက်ပြီး ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေပေါ် ကာယကံရှင်တွေက ငြင်းဆန်ထားပါတယ်။

Wire

                တရုတ်သူလျှိုဟက်ကာတွေဟာ Apple အသုံးပြုတဲ့ တရုတ်ထုတ် Supermicro server motherboard မှာ အချက်အလက်တွေ ထောက်လှမ်းနိုင်တဲ့ မိုက်ခရိုချပ်စ်တွေ ထည့်သွင်းခဲ့တယ်ဆိုတဲ့ Bloomberg BusinessWeek ရဲ့ ဖော်ပြချက်ကို ငြင်းဆန်ခဲ့တာပါ။

                ဒီဆာဗာတွေကို အမေရိကန်ကုမ္ပဏီ Super Micro Computer က ထုတ်လုပ်တာ ဖြစ်ပြီး တရုတ်ဘက်မှ ဟက်ကာတွေဟာ ချပ်စ်ထည့်ထားတဲ့ ဆာဗာတွေ တစ်ခြားနိုင်ငံမှာ ဖွင့်လိုက်တာနဲ့အချက်အလက်ခြေရာခံနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။

                တရုတ်ဘက်မှ စပိုင်ချပ်စ်တွေ သုံးထားတယ်ဆိုတဲ့အပေါ် Super Micro ဟာ ငြင်းဆန်ခဲ့ပြီး Bloomberg ရဲ့ စုံစမ်းချက်ကိုလည်း မသိခဲ့ဘူးလို့တုန့်ပြန်ထားပါတယ်။ Amazon ဘက်မှလည်း ဒီသတင်းဟာ မှားယွင်းကြောင်း ၊ Super Micro motherboard တွေမှာ သံသယဖြစ်ဖွယ်ရာ ချပ်စ်တွေ နဲ့ပြုပြင်ထားတဲ့ hardware တွေ မပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Apple Logo

                Super Micro ဆာဗာတွေကို Amazon Web Services နဲ့Apple အပါအဝင် ကုမ္ပဏီ ၃ဝ ခန့်နဲ့ အစိုးရဌာနဆိုင်ရာတွေမှာ သုံးစွဲနေတယ်လို့ဆိုပါတယ်။ Bloomberg ကတော့ ဒီအချက်အလက်ကို သိရဖို့ Apple နဲ့ Amazon တို့မှ အတွင်းလူများအပါအဝင် နာမည်ဖော်ပြခြင်း မရှိတဲ့ သတင်းအရင်းအမြစ်တွေကနေ ၁၂ လကြာအောင် လိုက်ခဲ့ရတယ်လို့ရေးသားထားပါတယ်။

                ဆာဗာတွေမှာ ခြေရာခံ ချပ်စ်ထည့်ထားခံရတယ်လို့သတင်းထွက်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ Super Micro Computer တို့မှ Bloomberg ဆီက အထောက်အထားတွေ တောင်းဆိုရာမှာတော့ အငြင်းခံထားရပါတယ်။

                Apple ကတော့ Bloomberg သတင်းထောက်တွေနဲ့တွေ့ဆုံခဲ့ပြီး ဒီသတင်းမှားကြောင်း ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအတွင်း မှန်ကန်တဲ့ စိစစ်စုံစမ်းမှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Originally published at - http://www.duwun.com.mm/tech/tech_news/apple-amazon-id8944737.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.